Print

လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများ

  20-Apr-2017
Preview Image

သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာ အဓ္ဓမကျင့်မှု၊ ထိကပါးရိကပါးပြုမှု၊ လူကုန်ကူးမှု စတာတွေဟာ ပတ််ဝန်းကျင်တွင်ကြားနေရသော ပြဿနာများဖြစ်ပါတယ်။ 

---- အားနည်းသူ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လုံခြုံမှုကဘယ်မှာလဲ? 

---- အနိုင်ကျင့်ခံရတဲ့ သူတို ့တွေမှာရော ဘယ်လောက်တောင်မှ စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်သွားနိုင်ပါသလဲ? 

---- အဲဒီလိုတွေ မဖြစ်ရအောင် ဘာတွေလုပ်ကြမှာလဲ?



လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများတွင် 

- သဘောတူညီမှုမပေးနိုင်သည့်သူများထံမှ မည်သည့်နည်းလမ်းဖြင့်မဆို ကာမရယူခြင်း( သဘောတူညီမှုမပေးနိုင်သည့်သူဆိုသည်မှာ အရွယ်မရောက်သေးသောကလေးသူငယ်များ၊ သူများနည်းတူမလှုပ်ရှားနိုင်ဘဲ ကိုယ်လက်အင်္ဂါအစိိတ်အပိုင်းချို ့တဲ့နေသူများ၊ သတ်ိမေ့ သို ့မဟုတ် အသိစိတ်ပျောက်နေသူများ အားလုံးအကျုံးဝင်ပါတယ်)

- မုဒိမ်းကျင့်ခြင်း

- မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်ခြင်း

- ခြိမ်းခြောက်၍ ကာမရယူခြင်း(ခြိမ်းခြောက်ခြင်းဟုဆိုရာတွင် ကိုယ်ထိလက်ရောက်သာမက မျက်နှာအမူအရာဖြင့်သော်လည်းကောင်း၊ စကားဖြင့်သော်လည်းကောင်း ခြိမ်းခြောက်ခြင်းများလည်းပါဝင်ပါတယ်)

- သက်ငယ်မုဒိမ်းမှု၊ ကြံစည်အားထုတ်မှု

- မိသားစုဝင်အချင်းချင်းထဲမှသော်လည်းကောင်း၊ ဆွေမျိုးတော်သူတစ်ဦးတစ်ယောက်၏ မုဒိမ်းပြုခံရမှု

- သဘောတူညီမှုမပါဘဲ အရှက်နေရာများကို ထိတွေ ့ကိုင်တွယ်ခံရခြင်းများ အားလုံးအကျုံးဝင်ပါတယ်။



ထိုကဲ့သို ့လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခံရသောသူများတွင်

ကျန်းမာရေးဆိုးကျိုးများအနေဖြင့် -

- မကြာခဏခေါင်းကိုက်သည့်ဝေဒနာခံစားရခြင်း

- နှိပ်စက်ခံထားရသည့်နေရာမှာ နှစ်ပေါင်းများစွာကြာသည့်တိုင်နာကျင်နေခြင်း

- အိပ်၍ မပျော်ခြင်း

- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးထိခိုက်ခြင်း

- အချိန်တိုင်းစိုးရိမ်ပူပန်နေရခြင်း၊ အရာရာကိုကြောက်လန် ့နေခြင်း

- မူးယစ်ဆေး၊ အရက်စွဲသွားနိုင်ခြင်း

- စိတ်ဓာတ်ကျခြင်း

- လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဖြစ်ပွားခြင်း

- ကိုယ်ဝန်ရသွားနိုင်ခြင်း

- မိမိကိုယ်ကို ထိခိုက်အောင်ပြုခြင်း သို ့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်ခြင်း



ဒါတွေမဖြစ်ရအောင် -

- တစ်ယောက်တည်းသွားလာခြင်းကိုရှောင်ကြဉ်ပါ။ (မိဘများအနေဖြင့် သားသမီးများကို တစ်ယောက်တည်းစေလွှတ် ခိုင်းစေခြင်းများကို ရှောင်ကြဉ်ပါ)

- မိမိဖုန်းထဲတွင် အရေးပေါ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များ၊ Text message စာသားများ (အရေးပေါ် မက်ဆေ့စ်ပို ့ပြီးအကူအညီ တောင်းခံလို ့ရသည့် စာသားများကို ထည့်ထားပါ)

- သူငယ်ချင်းများ၊ မိသားစုများမှ မိမိကိုရှာနိုင်သည့် Application ကိုုဖုန်းထဲတွင်ထည့်ထားပါ။

- မသိတဲ့သူတစ်ယောက်မှကျွေးသောအစားအသောက်များကို အလွယ်တကူ မစားပါနှင့်။

- သင်စိတ်ကို သင်ယုံကြည်ပါ(ဆိုလိုသည်မှာ မိမိစိတ်ထဲတွင် အဆင်မပြေဖြစ်နေသောပတ်ဝန်းကျင်၊အခြေအနေတွင် ဆက်မနေပါနှင့်။ထိုနေရာမှာထွက်လာလိုက်ပါ။ဥပမာ ဘတ်စ်ကားပေါ်တွင် ဆိုရင်လည်းကားပေါ်မှဆင်းလာလိုက်ပါ။ အကယ်၍ ဘာမှလုပ်လို ့မရသည့်အခြေအနေဖြစ်ပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရန်မရှက်ပါနှင့်)

- မိိမိသွားလာနေသည့် ပတ်ဝန်းကျင်ကို အမြဲအကဲခတ်ပါ။

- မိိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းတစ်ခုခုကို အမြဲဆောင်ထားပါ။


အမျိုးသမီးများနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများလျော့နည်းသွားစေရန် ရည်ရွယ်ပါသည်။


Dr.Moon (7887 Healthcare Call Center)

Ref ; MedlinePlus




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18